Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁

A+ A-

Unicode……..

အလုပ်လဲလုပ်ချင်စိတ်မရှိတာနဲ့ ကျွန်တော် အိမ်မှာပဲနေဖြစ်တယ်.ကျွန်တော်စဥ်းစားပြီးပြီ..
.
.
.
.
.
.
.
.
.
.

မွေးမှာ ဘယ်လိုပဲခက်ခဲပါစေ. ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်တော့် သွေးသားလေ.အပြစ်မရှိတဲ့ ကလေးတစ်ယောက် ကျွန်တော့်သွေးသား ဘယ်လိုသတ်ပစ်ရက်မှာလဲ.ကျွန်တော်လည်း မိဘမေတ္တာဆိုတာဘယ်လောက်ကြီးမှန်းသိပါတယ်.ဘယ်လိုလုပ် သူက ဒီလိုစကားမျိုးပြောထွက်ရတာလဲ.ကျွန်တော့ကို ကျွန်တော် အရမ်းမုန်းမိတယ် ဒီလိုလူမျိုးကိုမှ ကျွန်တော်ချစ်ခဲ့မိလို့
.
.
.
.
.

“ကလေးလေး …….သားသားလေး လား မီးမီးလေး လားမသိပေမဲ့  ပါးပါးက ကလေးကို မစွန့်လွှတ်ရက်ပါဘူး……
ပါးပါး ရအောင်မွေးမှာ ဘယ်လိုနည်းပဲ​ဖြစ်ဖြစ် ပတ်ဝန်းကျင်က ဘယ်လိုတွေရှုံ့ချနေပါစေ ပါး ရအောင်မွေးမှာ …..
ဒါကြောင့်…. ကလေးလေးစိတ်မပူပါနဲ့နော်…”
.
.
.
.
.
.
.

ကျွန်တော် အားရှိဖို့လိုတယ်မလား  အရင်ဆုံးအားရှိအောင် အစားစားရမှာပေါ့ ကျန်တာတွေနောက်မှ စဥ်းမယ် ဖြစ်လာသမျှ မီးစဥ်ကြည့်က. ရမှာပေါ့..
.
.
.
.
စျေးသွားဖို့ လမ်းထိပ်ထွက်လာတော့ လမ်းထိပ်မှာ ကားအနက်တစ်စီး ရပ်ထားတာတွေ့တယ်.အရင်က အဲ့ကားကိုတွေ့ရင် ရင်ခုန်ရတယ် .
ပျော်ရွှင်ရတယ် အခုတော့ အဲ့ကားကို တွေ့ရမှာ အရမ်းကြောက်နေပြီ ထွက်ပြေးချင်မိတယ်.
.
.
.
.
ဒါမဲ့လည်း ကျွန်တော် ငယ်ငယ်တည်းက  အခက်အခဲ တစ်စုံတစ်ရာ ပေါ်တိုင်း ကိုယ့်ကိုကို အမြဲပြောတယ် ပြသနာ ဆိုတာ ထွက်ပြေးနေလို့ပြီးမှာမဟုတ်ဘူး ရင်ဆိုင်လိုက်တာ အကောင်းဆုံးပဲ.
.
.
.
.
.
ကားထဲဝင်တော့ ဟိုတစ်ခေါက်က စကားပြောခဲ့တဲ့  လယ်ကွင်းပြင်တွေ ရှိတဲ့နေရာကိုသွားတယ်.ကျွန်တော့ဘက်က အရင်စကားစလိုက်တယ်…..

“ကဲ…ပြောပါအုံး ခင်များပါးစပ်ကနေ ဘယ်လိုစကားတွေထွက်လာမလဲဆိုတာ “

“ဖျက်ချပစ် လိုက် “

မျက်တောင်တစ်ချက် မခတ်.တွေဝေမှု တစ်စတစ်လေ တောင်မရှိဘဲ ထွက်လာတဲ့ သူ့စကား …….
အဆုံးထိကို…. ရက်စက်နေတုန်းပါလား.

” ခင်များသိလား ဒီကလေးက တစ်ခြားသူနဲ့ ရတာမဟုတ်ဘဲ ခင်များနဲ့ရတဲ့ ခင်များ ကလေးဆိုတာရော သိရဲ့လား.ခင်များမှာ လူစိတ်ကော ရှိသေးရဲ့လား . ခင်များရဲ့ အသွေးအသားနဲ့ ဖြစ်တည်လာတဲ့ ခင်များကလေးဆိုတာရော သိသေးရဲ့လား.
ခင်များမလို့………. ခင်များမလို့    ဖျက်ချပစ်ဖို့ ပြောရက်တယ်ဗျာ…ဟင့်းးးးးးး(ငိုနေသည်)”

” မင်း ရွေးချယ်.အဲ့ဒိကလေး ကို မရ ရအောင် ဖျက်ချလို့ရတဲ့ အင်အား ငါ့မှာရှိတယ်နော်.ငါ့မျက်စိရှေ့မှာပဲ အဲ့ကလေးကို မွေးမလား.ငါကိုယ်တိုင် မရ ရအောင် ဖျက်ချရမလား မင်းရွေး. ဒါတောင် ငါ့ဘက်က စိတ်ကို အရမ်းလျှော့ထားတယ်ဆိုတာမမေ့နဲ့…. သမားရိုးကျ ရလာခြင်းမဟုတ်တဲ့ မင်းကလေးကို ငါလုံးဝ မလိုချင်ဘူး”

ရက်စက်လိုက်တာဗျာ သမားရိုးကျ မဟုတ်လို့တဲ့လား. ကျွန်တော့်နှလုံးသားကို အရှင်လတ်လတ် မီးကင်တာထက် ခင်များ စကားတွေက ပိုပြီးရက်စက်တယ်ဆိုတာသိရဲ့လား.
ကျွန်တော် မေးချင်တယ်ခင်များကျွန်တော့်ကို  ဟိုး အစတည်းက စိတ်ရင်းမှန်နဲ့ တစ်ခါလောက် ကော ချစ်ခဲ့ဖူးရဲ့လား.
ကိုရှိုင်းခေတ် ကျွန်တော့ကို အမှန်တိုင်းဖြေပေးပါလားဗျာ.

” ကောင်းပြီလေ  မင်း စဥ်းစားဖို့ အချိန် တစ်ပါတ် ပေးမယ် တစ်ပါပြည့်လို့မှ မဆက်သွယ်ဘူးဆိုရင်တော့ ကလေးကို ဖျက်ချခိုင်းတာနဲ့ အတူတူ ပဲလို့ ငါသတ်မှတ်လိုပ်တော့မယ်”

ကျွန်တော် ကိုတောင်မခေါ်ဘဲ ထားခဲ့တယ်.
အဟက်….လမ်းလျှေက်ပြီးပဲ အိမ်ပြန်ခဲ့တယ် အိမ်ရောက်တော့ ခြေထောက်တွေနာလွန်းလို့ ဆေးလိမ်းပြီးမှ အိပ်ခဲ့ရတယ်..
.
.
.
.
.
တစ်ပါတ်ပြည့်ပြီ ကျွန်တော့် အတွက်စဥ်းစားစရာမလိုပါဘူး အစတည်းကမွေးဖို့ ဆုံးဖြတ်ပြီသား
.
.
..
ကျွန်တော် ဆက်သွယ်လိုက်တော့ အိမ်လာခေါ်တယ် .ကလေးမွေးလို့ မပြီးမချင်း သူ့အိမ်မှာပဲနေရမယ်တဲ့  .ကျွန်တော်လည်း ဗိုက်ကြီးနေတဲ့ပုံ ဒီနားက ပတ်ဝန်းကျင်နဲ့ ကျွန်တော့်မိဘ တွေကို မမြင်စေချင်တာ အတော်ပဲဖြစ်သွားတာပေါ့.နောက်ဖြစ်လာမဲ့ကိစ္စက နောက်မှ ကြည့်လုပ်ပေါ့.ကိုကြီးသူရိန် ကိုပဲ ဖုန်းဆက်ပြီး အလုပ်ကိစ္စနဲ့ ခရီးထွက်ရမှာ တစ်နှစ်လောက်ကြာမယ်လို့ပြောလိုက်တယ်.အလုပ်ကိစ္စဆိုတော့လည်း ဘာမှတော့ ထွေထွေထူးထူး မ​မေးပါဘူး.ခွင့်ပြုပါတယ်.သူ့အိမ်ရောက်တော့  သူနဲ့ကျွန်တော့ကြားဖြစ်ပျက်မှုတွေ စခဲ့တဲ့ ထိုခုတင် ထိုအခန်း မှာကျွန်တော်နေခဲ့ရတယ်.ကျွန်တော့်ဘက်ကလည်းသူ့ကို စကားစမပြောသလို သူ့ဘက်ကလဲစပြောလာခြင်းမရှိဘူး..
.
.
.
.
.
ဆရာမချယ်ရီက ကျွန်တော့ကို အနီးကပ်စောင့်ရှောက်ဖို့ဆိုပြီး nurse တစ်ယောက်ထားပေးတယ်.နေ့ဘက်ပဲနေပေးပြီး ညဆိုရင်တော့အိမ်ပြန်တယ်. အသက် ၃၀ ကျော်လောက်ဖြစ်မယ်.ကျွန်တော်ကတော့ အန်တီမာ လို့ပဲခေါ်တယ်.နာမည်အပြည့်အစုံကတော့ ဇင်မာဦး တဲ့.မဆိုးပါဘူး အတော်လေးသဘောကောင်းတယ် ကျွန်တော့်ကိုလည်း မောင်လေးအရင်းတစ်ယောက်လိုစောင့်ရှောက်တယ်.ဒီလိုဖြစ်တာ အားမငယ်ဖို့ .ဖြစ်လေ့ဖြစ်ထရှိ တဲ့အရာတစ်ခု.အယောက် ၁၀၀ မှာ ၁ ယောက်ဖြစ်လေ့ရှိကြောင်းအမြဲတမ်းအားပေးတယ်.ကျွန်တော်လည်း အန်တီကို တကယ်ခင်ပြီး သံယောဇဉ် တွယ်မိပါတယ်.မမယမုံ ထက်ကြီးပေမဲ့ ကိုယ့်အစ်မတစ်ယောက်လိုပဲ.
.
.
.
.
.
.
.
.
..
၆ လနီးပါးကြာတော. သူကကျွန်တော့အတွက်လိုအပ်တာမှန်သမျှဝယ်ပေးပါတယ်.အခုထိ တစ်ခါတလေ မှ စကားတစ်ခွန်းနှစ်ခွန်းလောက်ပဲပြောဖြစ်တယ်.အမြဲအလုပ်ပဲသွားနေပြီး ညဆိုလည်းနောက်ကျမှပြန်လာတတ်တယ်.ပိတ်ရက်ဆို လည်းအိမ်မှာမရှိတတ်ဘူး.သူ့မျက်နှာမြင်ရဖို့တောင် ခက်ခဲတယ်.မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှောင်ထွက်သွားတတ်တယ်.တစ်ခါတလေ ကျွန်တော်ဆေးရုံသွားပြရင်လည်း အန်တီမာနဲ့ပဲသွားရတယ်.အန်တီ ချယ်ရီ ကလည်းကျွန်တော့ကိုဂရုစိုက်ပါတယ်.တစ်ယောက်သောသူကလွဲလို့ အကုန်ကျွန်တော့ကိုဂရုစိုက်ပါတယ်.
.
.
.
.
.
.
အဖေအမေတို့နဲ့လည်း ဖုန်းနဲ့ပဲဆက်သွယ်ဖြစ်တယ်.သူက ကျွန်တော့ကို အပြင်ပေးမထွက်ဘူး.ကိုငယ်ကတော့  ဆေးရုံကဆင်းပြီး အိမ်မှာပဲ ဆေးနဲ့အသက်ဆက်နေရတယ်.ဦးနှောက်ထဲမှာ အကြိတ်ဖြစ်လို့ အရှင်းလည်းမပျောက်သလို သက်သာလာတော့လည်း လူကကြောင်တောင်တောင်နဲ့.ဆိုးဆိုး ရွားရွားမျိုးမဟုတ်ပေမဲ့လည်း တစ်ခါတလေ ဆို လူတွေကိုမမှတ်မိဘူး.အရင်ကအကြောင်းတွေလည်း တစ်ယောက်ထဲရော တခြားလူတွေကိုရော ပြန်ပြောနေတတ်တယ်.ဒါမဲ့လည်းများသောအားဖြင့်တော့  လူကောင်းပုံ သတိရနေတတ်ပါတယ်.အိမ်အကြောင်းကြားရတာလည်းစိတ်ချမ်းသာရတယ်လို့ကိုမရှိပါဘူး.ဒါမဲ့လည်း ကိုငယ် အသက်ရှင်နေတာကိုပဲ ကျေနပ်ပါတယ်.ပိုက်ဆံ ကတော့အမေ့ အမျိုးတွေက ကူညီပါတယ်.ကူညီတယ်ဆိုပေမဲ့လည်း   အိမ်က ကုန်တာက ကုန်တာပဲလေ.အကြွေးတင်ကြောင်း  အမေက အတိအကျတော့ မပြောပေမဲ့ ကျွန်တော် ခန့်မှန်းမိပါတယ်.ကို့ယ် အမေအကြောင်းကိုယ်သိတာပေါ့.သားသမီး စိတ်ဆင်းရဲမှာဆိုလို့ ဘယ်တော့မှထုတ်မပြောတတ်ဘူး.ခနပဲစောင့်ပေးပါအမေ ကျွန်တော့ကလေးအတွက် အမေ့အတွက် ကျွန်တော်ကြိုးစားမယ်.
.
.
.
.
.
.
ကျွန်တော့်ဗိုက်ကလည်း တော်တော်လေးကို ဆူထွက်နေပြီ .ဗိုက်ပေါ် လက်ကလေးတင်ကြည့်လိုက်တော့ .
.

.
.
.
.

” အန်တီမာ….ဒီနား..ဒီနားက လှုပ်သွားတယ်”

နှစ်ယောက် တူတူ TV ကြည့်နေရင်း အန်တီ ဒီဖက်တိုးလာပြီ ဗိုက်ပေါ်လက်တင်ကြည့်တော့…..

“ဟုတ်တယ် သား အထဲက ကလေး လှုပ်သွားတာ
လှုပ်တဲ့ အရွယ်ထိတောင် ကြီးနေပြီပဲ
ကြည့်ရတာ ကလေးက ကျန်းမာတဲ့ကလေးပဲဖစ်ရမယ်”

ပထမဆုံး ကလေးလှုပ်တာပဲ. ပျော်လိုက်တာ ကလေးရဲ့ လှုပ်ရှားမှု ကိုပထမဆုံးခံစားရတာပဲ.
ကျွန်တော်အတိုင်းမသိ  ဝမ်းသာမိတယ်.တစ်ဆက်ထဲ သူ့ အကြောင်းပါစဥ်းစားမိတယ် သူကော သူအလိုမရှိတဲ့ ကလေး သူပျော်ပါ့မလား.
ထားလိုက်ပါ ကျွန်တော် ကျွန်တော့်ကလေးအကြောင်းပဲ စဥ်းစားမယ်.
.
.
.
.၃ လကျော်လောက်ကြာ တော့ ကလေးက မွေးခါနီးမို့ ဗိုက်က အတော်ကို ထွက်နေပြီ.ဘာလုပ်လုပ်အဆင်မပြေဘူး.ထိုင်ရထရလဲမလွယ်ဘူး.သားသားလား မီးမီး လားကြိုမသိချင်လို့ အန်ထရာစောင်း လည်းမရိုက်ဘူး.ညနေလောက်ထဲက ဗိုက်နာသလိုဖြစ်နေတာ အခုည12လောက်ရောက်တော့ လုံးဝအဆင်မပြေတော့လို့  ဟိုဘက်က ကိုကို အခန်း ကို ကြိုးစားပြီး သွားတော့.
.
.
.

ဒေါက်….ဒေါက်………

ကိုကိုထွက်လာတယ်. လူက ချွေးပြန်နေပြီ.သူကမေးတော့…..

“ကျွန်တော်.. ကျွန်တော်    ဗိုက်နာလို့….”

စကားကို မနည်းအားယူပြောလိုက်ရတယ်. ပြီတော့ ကျွန်တော့် ကမ္ဘာကြီး အမှောင်အတိဖြစ်သွားတယ်.ဘာတွေဆက်ဖြစ်လဲမသိတော့ဘူး..
.
.
.

ကျွန်တော် သတိရလာတော့ အခန်းတစ်ခန်းထဲမှာ ဆရာဝန်ဆရာမတွေအများကြီး. လက်အိတ်တွေ mask တွေ တပ်ထားတော့ မျက်နှာကိုသေချာမမြင်ရဘူး. ထူးဆန်းတာက ကျွန်တော့် ခန္တာကိုယ် ကိုသူတို့  ထိနေပေမဲ့ ကျွန်တော်ဘာတစ်ခုမှမခံစားရဘူး.ဆရာမတစ်ယောက်ကအော်ပြောတယ်…

‘”သား ……နည်းနည်း  အားထည့်ပါဦး……မွေးလမ်းကြောင်းကျဥ်းလို့    ကလေးကမွေးရခက်နေတယ်… သားကြိုးစားမှရမယ်… “

ကျွန်တော် သိပြီ ကျွန်တော်ကလေးမွေးနေတာပဲ
ရှိသမျှအားတွေအကုန်သုံးလိုက်တယ်.အချိန်ဘယ်လောက်ကြာလဲမသိဘူး    ကလေးငိုသံ သဲ့သဲ့လေးကြားပြီး ကျွန်တော်လည်း လောကကြီးနဲ့ အဆက်သွယ်ပျက်သွားတယ်…….
.
.
.
.
.
.
.
.
.
.
.

ကျွန်တော် သတိရလို့မျက်လုံးဖွင့်ကြည့်တဲ့အချိန် ဘေးမှာကိုကိုက တည်တည်ငြိမ်​ငြိမ်ပဲ .ကျွန်တော့်ကိုတွေ့တော့

“သက်သာလား ဘယ်လိုနေသေးလဲ”

ကျွန်တော်အားယူပြီး ထလိုက်တော့

“ကျွန်တော်….. ကျွန်တော် မေ့နေတာဘယ်လောက်ကြာပြီလဲ ……
ပြီးတော့ ကလေး ကျွန်တော့ကလေးကော ဘာလေးလဲ …………
အဆင်ပြေတယ်မလား….ဟင်….”

အချိန်ကြာသည်ထိပြန်မဖြေလို့…

” ကျွန်တော့်.ကလေးရော အဆင်ပြေရဲ့လားလို့….”
.
.
.
.
.
.
.
.
.
သူကျွန်တော့်ကိုသေချာကြည့်ပြီးပြောတယ်.

” မင်းမေ့နေတာ ၃ ရက်လောက်ရှိပြီ “

ခနအသံတိတ်ပြီး ဘာစကားမှထွက်မလာဘူး ခေါင်းငိုက်သွားတယ် ပြီးမှ ခေါင်းပြန်မော့လာပြီး ပြောတယ်

.
.
.
.
.
” ကိုယ်တောင်းပန်ပါတယ် ………
ကလေးက မွေးရာပါနှလုံးရောဂါပါလာလို့

ကိုယ်တို့လည်း ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး”.
.
.
.
..
..
.

ကျွန်တော့် တစ်ကိုယ်လုံးပူထူသွားတယ်

“အဲ့…..အဲ့.တော့ ခင်များပြောချင်တာက”

ကျွန်တော် ထင်သလို ဟုတ်တယ်လို့မပြောလိုက်ပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်….

“ဟုတ်တယ် ကိုယ်တို့ကလေးကို…………
မကယ်နိုင်လိုက်ဘူး”

#သာသာရဲ့ fic လေးကိုကြုက်နှစ်သက်တယ်ဆိုရင်…လူသိများအောင် FB မှာ ပရိုမိုးရှင်း လေးတွေဆင်းပေးကြပါဦး ဒါဒါလေးတို့ရေ…..
တောင်းဆိုတာပါ…🙏….
သာသာကိုချစ်တယ်ဟုတ်😘……..

Zawgyi……

.
.
.
.
.
.
.
.
.
.

.
.
.
.
.

.
.
.
.
.
.
.

.
.
.
.
ဈေးသွားဖို့ လမ်းထိပ်ထွက်လာတော့ လမ်းထိပ်မှာ ကားအနက်တစ်စီး ရပ်ထားတာတွေ့တယ်.အရင်က အဲ့ကားကိုတွေ့ရင် ရင်ခုန်ရတယ် .
.
.
.
.
.
.
.
.
.


“ဖျက်ချပစ် လိုက် “






.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.

.
.
.
.




.
.
.
.
.
.

ဒေါက်….ဒေါက်………



.
.
.



.
.
.
.
.
.
.
.
.
.
.




အဆင်ပြေတယ်မလား….ဟင်….”


.
.
.
.
.
.
.
.
.



.
.
.
.
.
” ကိုယ်တောင်းပန်ပါတယ် ………

.
.
.
..
..
.




မကယ်နိုင်လိုက်ဘူး”

# သာသာရဲ့ fic လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်
တောင်းဆိုတာပါ 🙏…
သာသာကိုချစ်တယ်ဟုတ်😘…..

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၁ light novel, ,

Comment

Leave a Reply

Chapter 12